မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား နယ်ပယ်စုံ၌ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

0
115

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား နယ်ပယ်စုံ၌ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းက ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာသံအမတ်ကြီးမှ ဗီယက်နမ်-မြန်မာ ချစ် ကြည်ရေးအသင်းဥက္ကဋ္ဌနနှင့်ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား သြဂုတ် ၁၁ ရက်နံနက် ၉ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှန်များ၊ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလတွင် အရေးပေါ်အခြေအနေ ကြေညာ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေအနေနှင့်အညီ တာဝန်ယူထိန်းသိမ်းခဲ့ရမှု၊ နစက မှရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ဦးတည်ချက်(၉)ရပ်ချမှတ်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံရွေးကောက်ပွဲပြန်လည်ကျင်းပရေးနှင့်အာဆီယံတူညီဆန္ဒ(၅)ချက်ကို မြန်မာနိုင်ငံ၏ အကျိုးစီးပွားအပေါ် ရပ်တည်အခြေခံကာ နစက ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ဗီယက်နမ်နိုင်ငံနှင့်မြန်မာနိုင်ငံကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်ရန်၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။

ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌမှလည်း ရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်မှုတိုးမြှင့်ဆောင် ရွက်ရေး၊ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဗီယက်နမ်ကုမ္ပဏီများကြုံတွေ့ရသော အခက်အခဲများ၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအား ပြန်လည်ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here