စက်သုံးဆီစျေးနှုန်းများ ပြန်လည်ကျဆင်းလာ

0
153

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၂ ရက်(ယနေ့) တွင်ကျဆင်းလာခဲ့ပြီး 92 Ron တစ်လီတာလျင် သြဂုတ် ၁၁ ရက်(ယမန်နေ့)ထက် ၂၅ ကျပ်ကျဆင်းသွားခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ ယနေ့တွင် စက်သုံးဆီလက်လီစျေးနှုန်းများမှာ 92 Ron တစ်လီတာလျင် ၂၂၈၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၉၅ ကျပ်၊ HSD(500 ppm)တစ်လီတာလျင် ၂၄၆၀ ကျပ်၊ HSD(50 ppm),HSD(10 ppm) တစ်လီတာလျင် ၂၅၃၅ ကျပ်တို့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ သိရသည်။

ထို့ပြင် ရည်ညွှန်းလက်ကားစျေးနှုန်းများအနေဖြင့် ရန်ကုန်တိုင်းတွင် 92 Ron ၂၁၇၃ ကျပ်၊ 95 Ron ၂၂၈၁ ကျပ်၊ HSD(500 ppm) ၂၃၄၂ ကျပ်၊ HSD(50 ppm),HSD(10 ppm) ၂၄၁၆ ကျပ်တို့ဖြစ်သည်။

ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်းတွင်လည်း စက်သုံးဆီစျေးနှုန်းကျဆင်းကာ 92 Ron တစ်လီတာလျင် ၂၂၉၅ ကျပ်ဖြစ်ပြီး မန္တလေး၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော် 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်၊ မြစ်ကြီးနား၊စစ်တွေတို့တွင် ၂၄၀၀ ကျပ်ကျော်၊ဟားခါးတွင် ၂၆၀၀ ကျပ်နှင့်ကျိုင်းတုံတွင် ၃၁၂၀ ကျပ်တို့ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၁ ရက်က 92 Ron တစ်လီတာလျင် ၂၃၁၀ ကျပ်၊ 95 Ron တစ်လီတာလျင်၂၄၂၀ ကျပ်၊ HSD(500 ppm)တစ်လီတာလျင် ၂၅၀၀ ကျပ်၊ HSD(50 ppm),HSD(10 ppm) တစ်လီတာလျင် ၂၅၇၅ ကျပ်တို့ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here