ဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံတို့တွင်ရောက်ရှိနေသည့် မြန်မာကလေးများ အခြေခံပညာ သင်ယူခြင်းအစီအစဉ်

0
234

ဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံတို့တွင် ရောက်ရှိနေသည့် ၂၀၂၃ ခုနှစ်၊မေ ၃၁ ရက်က အ သက်(၅)နှစ်ပြည့်ပြီးသော မြန်မာကလေးများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူခြင်းအစီအစဉ်တက်ရောက်လိုပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

အခြေခံပညာသင်ယူခြင်းအစီအစဥ် (သူငယ်တန်းမှဒသမတန်း)အထိ တက်ရောက်လိုသူများသည် ကျောင်းဝင်ခွင့်လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်၍ လျှောက်လွှာ(၃)စုံဖြင့် သြဂုတ် ၂၃ ရက်နောက်ဆုံးထား၍ လန်ဒန်မြို့ရှိ မြန်မာသံရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာတွင် (၆)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ၊ ပူးတွဲကျောင်းဝင်ခွင့်လျှောက်လွှာ၊မိဘ ၂ ဦး/အုပ်ထိန်းသူနှင့်ကျောင်းသား၊ကျောင်းသူ၏ သက်တမ်းရှိသော မြန်မာနိုင်ငံကူးလက်မှတ်(မိတ္တူ)၊ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ၊ Biometric Residence Permit(BRP)တို့လိုအပ်ကာ လျှောက်ထားသူသည် ကျောင်းတက်နေသူဖြစ်ပါက သက်ဆိုင်ရာကျောင်းမှထုတ်ပေးသည့် Confirmation of Acceptance for Studies (CAS)၊ အလုပ်လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီမှထောက်ခံစာတို့ လိုအပ်မည်ဖြစ်သည်။

ထို့ပြင် KG တန်းအပ်နှံမည့်သူများအတွက် မွေးစာရင်း(မူရင်း/မိတ္တူ)၊အခြားအတန်းများသို့ အပ်နှံမည့်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မတိုင်မီ အမြင့်ဆုံးအောင်မြင်ခဲ့သောအတန်း၏ အောင်လက်မှတ်(သို့)ကျောင်းထွက်လက်မှတ်(မူရင်း)တို့ကိုတင်ပြရမည်ဖြစ်သည်။

ထိုသို့ တင်ပြရာ၌ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးငယ်များအနက် အခြေခံပညာသင်ယူခြင်းအစီအစဥ်မှ သင်ယူအောင်မြင်ပြီးသူများမှာမလိုအပ်​ပေ။

ထို့ကြောင့် ကျောင်းအပ်နှံလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက (44) 020 71480740 ၊ 020 74994340 နှင့် email လိပ်စာ [email protected] တို့သို့ နံနက် ၉ နာရီခွဲမှညနေ ၄ နာရီခွဲအထိ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here