ထိုင်းရှိ နန်ခွိုင်ကမ်းခြေ ရေကြီး​နေ

0
147

ချင်းခန်ခရိုင်ထဲရှိမဲခေါင်မြစ်ရေသည် သြဂုတ် ၁၁ ရက်တွင် စိုး​ရိမ်ရေမှတ်မှသိသိသာသာ ကျဆင်းလာသဖြင့် သြဂုတ် ၁၂ ရက်တွင် လာအိုရေလှောင်တမံမှ နောက်ထပ် ဆည်​ရေ​ဖောက်လွှတ်မည်ဟုယူဆရသည်။

ဆည်​ရေ​ဖောက်ပါကလက်ရှိချင်းခန်ခရိုင်၊လွယ်​ဒေသ နန်းခွိုင်ကမ်းခြေ၊ စိုက်ခင်းနှင့် ခရီးသွားများအတွက်စတိုးဆိုင်များတွင် ရေကြီးရေလျှံမှု ပိုများလာနိုင်သည်ဟုခန့်မှန်းကြသည်။

ယင်း​ဒေသရှိစတိုးဆိုင် ၄၀ လောက်မှာ ခေါင်မိုးထိရေမြုပ်နေပြီး ဒီရေတက်လည်းတက်နေဆဲဖြစ်သည်။

အဆိုပါမြစ်ကမ်းဘေးသည်လှပချစ်စရာကောင်း၍ လူများလာ​ရောက်အပမ်း​ဖြေ ရေကူးကြသည့်​နေရာဖြစ်သည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here