နမီဘီးယားက ကြက်ငှက်တုပ်ကွေးကြောင့် ဒိန်းမတ်နှင့်နယ်သာလန်မှကြက်သား၊ဘဲသားတင်သွင်းမှုအားပိတ်ပင်

0
212

ဝင်းဟက်ခ်၊ဩဂုတ် ၁၂

ဥရောပနိုင်ငံနှစ်ခုဖြစ်သည့် ဒိန်းမတ်နှင့်နယ်သာလန်နိုင်ငံများတွင် ကြက်၊ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှုလျင်မြန်နေပြီး ကူးစက်မှုများရှိနေသဖြင့် ၎င်းနှစ်နိုင်ငံမှ ကြက်၊ဘဲတင်ပို့မှုအား နမီဘီးယားနိုင်ငံကရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

ဥရောပနိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ကြက်ငှက်တုပ်ကွေးရောဂါဒဏ်ကိုခံခဲ့ရပြီး ပြီးခဲ့သောနှစ်နှစ်ကလည်း ငှက်ကောင်ရေသန်းပေါင်းများစွာကို သုတ်သင်ခဲ့ရသဖြင့်ကြက်သားနှင့်ဥများထောက်ပံ့မှုအပေါ်ထိခိုက်စေခဲ့သည်။

ယခုကဲ့သို့ ဆိုင်းငံ့ထားမှုကြောင့် ဇွန် ၂၈ နောက်ပိုင်း ဒိန်းမတ်တွင်ထုပ်ပိုးထားသည့် ကြက်သား၊ဘဲသားနှင့် ဇူလိုင် ၁၁ ရက်နှင့်နောက်ပိုင်းတွင် ထုပ်ပိုးထားသည့် နယ်သာလန်နိုင်ငံမှကြက်သား၊ဘဲသားများကိုထိခိုက်စေလိမ့်မည်ဖြစ်သည်။

ယင်းသို့ထိခိုက်သွားသော ကြက်၊ဘဲထွက်ပစ္စည်းများကို ၎င်းတို့၏မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း (သို့) တင်သွင်းသူစရိတ်စကဖြင့် ဖျက်ဆီးမည်ဖြစ်ကြောင်းသိရပြီး ချက်ပြီးသားကြက်သားနှင့် အသားထွက်ကုန်များကိုမူ တိရစ္ဆာန်ဆေးကုသရေးခွင့်ပြုချက်ဖြင့် တင်သွင်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

အာဖရိကတောင်ပိုင်းနိုင်ငံသည် ဝယ်လိုအားပြည့်မီရန် အိမ်နီးချင်းတောင်အာဖရိကနိုင်ငံမှတင်သွင်းမှုအပေါ် အဓိကအားကိုးကာ လစဉ်ကြက်သားတန်ချိန် ၂,၅၀၀ ခန့် စားသုံးမှုပြုလျက်ရှိကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here