ရေဝင်ရောက်မှုကြောင့် ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာကျောင်း(၁၂)ကျောင်းအားယာယီပိတ်

0
200

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေမြင့်တက်ကာ စာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း(၁၂)ကျောင်းအား ယာယီပိတ်ထားရကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊အလယ်တန်းကျောင်း (ခွဲ)(၂)ကျောင်း၊ မူလတန်းကျောင်း(၄)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၄)ကျောင်း(စုစုပေါင်း ၁၂ ကျောင်း)အား ရေဝင်ရောက်နေမှုများကြောင့် ကျောင်းသား၊ကျောင်းသူများ အန္တရာယ်မဖြစ်စေရန် ယာယီပိတ်ထားရကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့၏ စိုးရိမ်ရေမှတ်အထက် ၁၁၂၁ စင်တီမီတာသို့ရောက်ရှိနေကာ နေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုနှင့်လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here