တရုတ်နိုင်ငံရေကြီးမှုကြောင့် စပါး၊ပြောင်းသီးနှံစိုက်ပျိုးရေးထိခိုက်၊အစားအစာဈေးနှုန်းဖောင်းပွမှုအတွက်စိုးရိမ်နေရ

0
428

ပေကျင်း၊ဩဂုတ် ၁၁

ရေကြီးမှုကြောင့် အဓိကစပါးထွက်ရာနေရာဖြစ်သည့် တရုတ်နိုင်ငံ၏မြောက်ပိုင်းတွင် စပါးနှင့်ပြောင်းသီးနှံများပျက်စီးခဲ့ပြီး ကုန်သည်များနှင့် လေ့လာသူများကမူ နောက်ထပ်တိုက်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်တွင် မိုးပိုများလာကာကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုအတွက် ဖိအားများထပ်တိုးလာမည်ဟုလည်းခန့်မှန်းထားကြောင်းသိရသည်။

“နိုင်ငံမြောက်ဘက်မှာရှိတဲ့ ရေကြီးတဲ့ဒေသက ပြောင်းနဲ့စပါးအထွက်နှုန်းဆုံးရှုံးမှုတွေတွေ့ရပါလိမ့်မယ်” ဟု တရုတ်ဆန်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှကုန်သည်တစ်ဦးကပြောသည်။

လွန်ခဲ့သောနှစ်ပတ်က တိုက်ဖွန်းဒေါ့ခ်ဆူရီကြောင့် မြစ်ချောင်းများရေကြီးရေလျှံမှုများနှင့်ရင်ဆိုင်နေရဆဲဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ဖွန်းခနွန်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများပါ ထပ်မံကြုံတွေ့ရနိုင်သည်ဟုလည်းဆိုသည်။

ကနဦးခန့်မှန်းချက်များအရ စပါးမက်ထရစ်တန်ချိန် ၄ သန်းမှ ၅ သန်း သို့မဟုတ် နိုင်ငံ့စပါးထွက်ရှိမှု၏ ၂ ရာခိုင်နှုန်းခန့်သည် ရေကြီးမှုကြောင့် ထိခိုက်ခဲ့ကြောင်း ကုန်သွယ်မှုသတင်းရင်းမြစ်နှစ်ခုကဆိုသည်။

“သဘာဝဘေးကြောင့် ဘယ်လောက်ဆုံးရှုံးမယ်၊ ပျက်စီးမယ်ဆိုတာ ကျွန်တော်တို့အတည်မပြုနိုင် သေးပါဘူး” ဟု စင်္ကာပူမှကုန်သည်တစ်ဦးက လည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here