မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အာဖဂန်နစ္စတန် အသင်းနှင့် တတိယလုရမည်

0
235

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် Continental Futsal Championship 2023 ပြိုင်ပွဲတွင် အာဖဂန်နစ္စတန် အသင်းနှင့် တတိယလုရမည်ဖြစ်ကြောင်း သိရသည်။

တတိယလုပွဲကို မနက်ဖြန် (ဩဂုတ် ၁၃ ရက်) မြန်မာစံတော်ချိန် ညနေ (၄)နာရီတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

ဖူဆယ်ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၇၅) တွင်ရပ်တည်နေသော မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဖူဆယ်ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၆၂) ရှိ ချက်အသင်းနှင့် ခက်ခဲစွာရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာအသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲအဖြစ် အာဖဂန်နစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲမှပြန်ရောက်သည့်အခါ အမှားများကို ပြင်ဆင်ပြီး ကစားသမားများအနေဖြင့် နည်းစနစ်အတိုင်း သေချာကစားနိုင်အောင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ အာရှဖလားပြိုင်ပွဲ ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာဖူဆယ် အသင်းနည်းပြချုပ် Mr.Bunlert Charoenwong က ပြောသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here