အကျင့်ပျက်လာဘ်စားမှု စုံစမ်းစစ်ဆေးပြီးနောက် စစ်တပ်စုဆောင်းရေးဌာနအကြီးအကဲများကို ဇလန်းစကီး အလုပ်ဖြုတ်

0
288

ယူကရိန်းသမ္မတ ဇလန်းစကီး သည် နိုင်ငံ၏ ဒေသတွင်း စစ်သားစုဆောင်းရေးဌာနများ၏ အကြီးအကဲအားလုံးကို သောကြာနေ့က ထုတ်ပယ်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုသည် အကျင့်ပျက်လာဘ်စားမှုကို တိုက်ဖျက်ရန် ရည်ရွယ်ကြောင်းနှင့် “စစ်ပွဲဆိုတာ အတိအကျသိတဲ့ လူတွေကပဲ ကိုင်တွယ်လည်ပတ်နေတာပါ” ဟု သူကဆိုသည်။

ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီးတွင် နိုင်ငံ၏ ဒေသတွင်း စစ်သားစုဆောင်းရေးဌာနများ၏ အကြီးအကဲအားလုံးကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သသည်။ “တရားမဝင် ကြွယ်ဝမှု”၊ “တရားမဝင်ရရှိသော ရန်ပုံငွေများ” နှင့် “စစ်မှုထမ်းရန် တာဝန်ရှိသူများကို နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ပို့ဆောင်ခြင်း” အစရှိသည့် ပြစ်မှုများကို ကိုးကားဖော်ပြခဲ့သည်။

“တချို့က ငွေသားယူတယ်၊ တချို့က ဘစ်ကွိုင်လိုငွေကြေးမျိုးကိုယူကြတယ်။ အဲဒါပဲမတူတာ။ ယူတာကတော့ ယူကြတာချည်းပဲ” ဟု သမ္မတဝက်ဘ်ဆိုက်မှ တရားဝင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “မထီမဲ့မြင်ပြုခြင်းသည် နေရာတိုင်းတွင် အတူတူပင်” ဟုလည်း ဆိုထားသည်။ သို့ရာတွင် ရာထူးမှ ထုတ်ပယ်ခဲ့သော စစ်သားစုဆောင်းရေးဌာန အကြီးအကဲများ၏ စုစုပေါင်းအရေအတွက်ကိုမူ ဖော်ပြထားပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here