စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ အာရပ်ကလပ် ချန်ပီယံဖလားကို ပထမဆုံးအကြိမ် ရရှိသွားတဲ့ Al Nassr

0
443

Al Nassr အသင််းဟာ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ ကလပ် အသင်းသမိုင်းတလျောက် အာရပ်ကလပ် ချန်ပီယံဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပါပြီ။

မနေ့ညက ဖိုင်နယ်ပွဲစဉ်အဖြစ်နဲ့ Al Nassr နဲ့ Al Hilal တို့ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပွဲကစားချိန် ၅၁ မိနစ်မှာပဲ Al Nassr တို့ဦိးဆောင်ဂိုးပေးခဲ့ရပေမယ့် ပွဲကစားချိန် ၇၄ မိနစ်မှာ စီရော်နယ်ဒိုက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

သာမန်ပွဲကစားချိန်ပြည့်လို့ အချိန်ပို ၁၅ မိနစ် ၂ ပိုင်းခွဲကန်တဲ့အခါမှာ ပထမပိုင်း ၈ မိနစ်မှာပဲ စီရော်နယ်ဒိုက အဖိုးတန်ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး Al Nassr အသင်းကို အသင်းသမိုင်းတလျောက် အာရပ်ကလပ် ချန်ပီယံဖလားကို ပထမဆုံးအကြိမ် ရရှိစေခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အာရပ်ကလပ်ဖလားပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက် ၆ ဂိုးအထိသွင်းယူနိုင်ပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်းရရှိခဲ့ပါတယ်။

စီရော်နယ်ဒိုအတွက် အာရပ်ကလပ် ချန်ပီယံဖလားဟာ Al Nassr ကစားသမားဘ၀ ပထမဆုံးဖလားလည်းဖြစ်လာခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here