ဘီးလင်းမြို့နယ်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုအနက် ၂၅ ခုကိုပိတ်သိမ်း

0
660

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် သြဂုတ် ၇ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ မြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်ခဲ့သဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ခဲ့ရသည်။

ထိုသို့ ဖွင့်လှစ်၍ရေဘေးရှောင်အိမ်ထောင်စု ၁၇၇၈ စုမှ လူဦးရေ ၈၃၃၅ ဦးအား ရွှေ့ပြောင်းပေးခဲ့ရာမှ သြဂုတ် ၁၂ ရက်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၅ ခုအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ယာယီရေဘေးရှောင်စခန်း ၂၅ ခုအား တပတ်ခန့်အကြာတွင် ပိတ်သိမ်းပြီးနောက် လာရောက်ခိုလှုံနေထိုင်သည့် အိမ်ထောင်စု ၁၇၀၉ စုမှ အမျိုးသား ၃၈၀၃ ဦး၊အမျိုးသမီး ၄၂၀၇ ဦး(စုစုပေါင်း ၈၀၁၀ ဦး)တို့အား တာဝန်ရှိသူများက ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ပြန်လည်ရွှေ့ပြောင်းပေးခြင်းမပြုမီ တာဝန်ရှိသူများက လိုအပ်သည့်ကူညီမှုများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်၌ ဘီးလင်းမြို့၊ကန်သာယာရပ်ကွက်ရှိ ဓမ္မဝိဟာရကျောင်းတိုက်တွင်ဖွင့်လှစ်ထားသည့် ယာယီရေးဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၅၀ စုမှ လူဦးရေ ၂၃၂ ဦး၊ ဘိုးလှကြီးရပ်ကွက်ရှိ ပိန္နဲတောကျောင်းတိုက်တွင်ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၁၉ စုမှ လူဦးရေ ၃၂၅ ဦးသာကျန်ရှိတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here