တိုးကြောင်ကလေး ဘူတာအနီးတွင် အိမ်စီးကားနှင့် Ligh t Truck ကားတိုက်မိရာမှ Light Truck ကားပက်လက်လန်ကာ ထိခိုက်ဒဏ်ရာရသူများရှိ

0
1025

ရန်ကုန် – မန္တလေးသွား အမှတ် (၂) လမ်းမကြီး တိုးကြောင်ကလေး ဘူတာအနီးတွင် ယနေ့ သြဂုတ် (၁၃) ရက်နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားနှင့် Light Truck ကားတိုက်မိကာ Light Truck ကားပက်လက်လန်တိမ်းမှောက်သွားခဲ့ကြောင်း H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ကျွန်တော်တို့ အသင်းက ဖုန်းသတင်းရလို့ အခင်းဖြစ်နေရာကိုရောက်တော့ လူနာတွေကတော့ မရှိတော့တဲ့အတွက် တာဝန်ရှိတဲ့ လူတွေနဲ့အတူ လမ်းရှင်းလင်းရေးတွေကိုကူညီပြီး လုပ်ပေးခဲ့ပါတယ်။ လူနာဦးရေကိုတော့ မသိဘူးဗျ။ Light Truck ကားကတော့ ပက်လက်လန်သွားတယ်”ဟု H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ အသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၏ မိတ်ဖက်လူမှုကူညီရေးအသင်းများက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here