ဥက္ကာမင်းမောင်ရဲ့ ပထမဆုံး တစ် ကိုယ်တော်စီးရီးဖြစ်တဲ့ ‘၁၈’ တေးစီး ရီးကို နိုဝင်ဘာလ ၁၈ ရက် နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာဖြစ်ပြီး Featuring အနေနဲ့ အေးချမ်းမေ၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ သဇင် တို့က ပါဝင် သီဆိုထားပြီး တေးရေးများကတော့ စတုန်း၊ မျိုးကျော့မြိုင်၊ စလိုင်း၊ လီယို၊ ငယ်ငယ် တို့က ရေးစပ်ပေးထားကြောင်း သိရပါတယ်။ ပထမဦးဆုံး တစ်ကိုယ်တော် စီးရီးနဲ့ပတ်သက်ပြီး ဥက္ကာမင်း မောင်က..
“သီချင်းပုံစံက Pop ၊ Slow Rock ၊ EDM ပုံစံပါ။ ဒီစီးရီးခွေကို ကျွန်တော် အများကြီးမျှော်လင့်ထားပါတယ်။ ကြိုးစား မှုတွေလည်း အများကြီး အားထုတ်ထား ပါ တယ်။ ၁၈ လို့ Titel ပေးခဲ့တာကလည်း ကျွန်တော့်အမေက ကျွန်တော့်ကို ၉ လပိုင်း ၁၈ ရက်နေ့မှာမွေးတယ်။ လစဉ် လတိုင်းမှာလည်း ၁၈ ရက်နေ့ ဆိုတာရှိ တယ်။ ကျွန်တော့်စီးရီးခွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မှတ်မိစေချင်တယ်။ လစဉ် လတိုင်း ၁၈ ရက်နေ့ရောက်ရင် ကျွန် တော့်ကို သတိရစေချင်တယ်။ အနုပညာ လောက ကြီးကိုလည်း ကျွန်တော့် အသက် ၁၈ နှစ်သားမှာ စပြီးဝင်ခဲ့ တယ်” လို့ ပြော ပါတယ်။
ဒီစီးရီးခွေမှာ ကိုယ်တိုင်ရေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ‘ဘဝရဲ့နေဝင်ချိန်’ ဆိုတဲ့ သီချင်း က သူ့အဖေအတွက် ရေးသားထား ခြင်းဖြစ်ကြောင်း ဥက္ကာမင်းမောင် က ပြော ပါတယ်။ ပရိုမိုးရှင်းအနေနဲ့ နိုဝင် ဘာလ ၁၈ ရက်နေ့မှာ စီးရီးခွေ ပထမဦး ဆုံးဝယ်ယူတဲ့ ပရိသတ်အယောက် ၁၅ဝ ကို Private Show Ticket ပေးမှာဖြစ်ပြီး ကျန်တဲ့ အယောက် ၃ဝ ကို မဲဖောက် ပေးသွားမှာဖြစ် ကြောင်း သိရပါတယ်။
Private Show Ticket ရရှိ တဲ့ ပရိသတ် အယောက် ၁၈ဝ က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Celebrity နဲ့အတူတူThe Voice Bar Club မှာ ဆင်နွှဲခွင့်ရမှာဖြစ်ေ ကြာင်းလည်း သိရပါ တယ်။ ဥက္ကာမင်းမောင်က သူ့ရဲ့လိုဂိုနဲ့ လက်ကိုင် ပဝါလည်း ထုတ်ဖို့အစီအစဉ်ရှိပြီး ရရှိတဲ့ အမြတ်ငွေကိုလည်း လှူဒါန်း သွားမှာဖြစ်ကြောင်း သိရပါတယ်။
“ပဝါနဲ့ အင်္ကျီထုတ်မယ်။ အင်္ကျီတွေက စီးရီးခွေထွက်တဲ့နေ့ မှာ လက်ဆောင်ပေးသွားမှာ။ လက်ကိုင် ပဝါက ကျွန်တော် အခု ၁၈ဝ ပဲဖြစ် ဖြစ်၊ ၁၈ဝဝ ပဲဖြစ်ဖြစ် ထုတ်မယ်။ ပြီးသွားရင် ရောင်းလို့ရတဲ့ အမြတ်ကို ကျွန်တော်လှူမယ်။ အရင်းကို သိမ်းထားပြီး အဲဒီအရင်း နဲ့ ပြန် ရင်းမယ်။ တောက်လျှောက်၊ တောက်လျှောက် တော့ ထုတ်သွားမှာ။ ကျွန်တော့်ရဲ့ ကိုယ်ကျိုး အမြတ် အတွက်တော့ ကျွန်တော်မလုပ်ဘူး” လို့ ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ- တွယ်တာ