မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့်ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန် လည်ဖွင့်လှစ်ရန်ဆွေးနွေး

0
225

မြန်မာ-လာအိုနှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေရန် နယ်စပ်ဆက်ဆံရေးရုံးများနှင့်ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် နစက အဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်လာအိုနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong တို့သည် လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့၌ကျင်းပသည့် (၈) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအပြီးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံနှင့်ပြည်ထဲရေးဝန်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊မြန်မာ-လာအိုပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်နားလည်မှုစာချွှန်လွှာအရ နှစ်စဉ်အပြန်အလှန်အစည်းအဝေးများ ပြန်လည်စတင်ဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသထိန်းချုပ်ရေး၊မူးယစ်ဆေးဝါး၊လူကုန်ကူးမှု၊လက်နက်မှောင်ခိုမှုနှင့် Online လိမ်လည်ရာဇဝတ်မှုများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့်ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here