တရုတ်နိုင်ငံ ရှီအန်ဒေသမြေပြို၊ သေဆုံးသူ ၂၁ ဦးအထိရှိလာ

0
154

ပေကျင်း၊ဩဂုတ် ၁၃

တရုတ်နိုင်ငံသည် မကြုံစဖူးသောမိုးသည်းထန်ခြင်းနှင့်ရင်ဆိုင်နေရချိန်တွင် ရေကြီး၊မြေပြိုမှုများကြောင့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှီအန်မြို့၌ သေဆုံးသူ ၂၁ ဦးအထိရှိလာကာ ၆ ဦးပျောက်ဆုံးနေသေးကြောင်းသိရသည်။

အဆိုပါရေကြီးမြေပြိုမှုကြောင့် လူနေအိမ် ၂ လုံးပျက်စီးကာ အိမ်ထောင်စုပေါင်း ၉၀၀ ခန့်လျှပ်စစ်မီးပြတ်တောက်နေကြောင်းလည်းပြောကြားခဲ့သည်။

ဂျပန်နှင့်တောင်ကိုရီးယားသို့ပါဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းခနွန်သည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ လီယောင်းနင်းဒေသသို့ဝင်ရောက်တိုက်ခတ်ပြီးချိန်၌ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားပြီဖြစ်ကြောင်းသိရသည်။

သို့သော် မိုးသည်းထန်ခြင်းကြောင့် အနိမ့်ပိုင်းဒေသများရှိနေရာများသည် ရေကြီးရေလျှံမှုအန္တရာယ်ဆက်ရှိနေဆဲဖြစ်ပြီး အန်းရှန်းဒေသရှိ လူပေါင်း ၁၇,၈၅၉ ဦးသည်လည်း မြို့ကိုစွန့်ခွာကာဘေးလွတ်ရာရှောင်တိမ်းနေကြရပြီဖြစ်ကြောင်းသိရသည်။

တိုင်ဖွန်းခနွန်သည် တိုင်ဖွန်းဒေါ့ခ်ဆူရီကြောင့် မြေပြိုမှုများဖြစ်ပေါ်နေကာ ပြန်ပြင်ဆင်မှုမလုပ်ရသေးသည့်အချိန်တွင် ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

ပူနွေးလာသောကမ္ဘာ့ရာသီဥတုကြောင့်လည်း ကမ္ဘာတစ်ဝန်းတွင်ရာသီဥတုများဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ်များပိုမိုဖြစ်ပေါ်လာသည်ဟုပညာရှင်များကသုံးသပ်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here