မိုးတွင်းကာလဖြစ်သည့်အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အနည်းငယ်ကျဆင်း

0
251

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် မိုးတွင်းကာလဖြစ်သည့်အတွက် ကုန်သွယ်မှုအနည်းငယ်ကျဆင်းလာကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“မိုးတွင်းဆိုတော့ နယ်စပ်ကုန်သွယ်ရေးကနည်းနည်းတော့လျော့တယ်။ ဆန်/ဆန်ကွဲဆိုတော့ ပိုဆိုးတယ်။ သိပ်မသွားရဘူး။ လျော့တယ်ဆိုတာက ကိုဗစ်မဖြစ်ခင်ကာလနဲ့ယှဉ်ရင်တော့ လျော့တာပေါ့။ ဒါပေမယ့် ကုန်သွယ်ရေးကတော့ ပုံမှန်အတိုင်းတော့ သွားလာနေတယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဌ ဦးမင်းသိမ်းကပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လေးလအတွင်း မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ ဘီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

Photo Credit-Export Import News MOUNG KU


LEAVE A REPLY

Please enter your comment!
Please enter your name here