နိုင်ဂျာသမ္မတဟောင်း Mohamed Bazoum ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲမည်ဟု အာဏာသိမ်းအစိုးရဆို

0
388

ရာထူးမှဖယ်ရှားခံရသော နိုင်ဂျာ သမ္မတဟောင်း Mohamed Bazoum အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲမည်ဟု အာဏာသိမ်းအစိုးရက ကြေညာလိုက်ပြီး၊ နာရီပိုင်းအကြာတွင် အနောက်အာဖရိက၏ ဒေသတွင်းအုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြေရှင်းရန် သံခင်းတမန်ခင်းအရ မိမိတို့က လမ်းဖွင့်ထားကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့နှောင်းပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ဖတ်ကြားသည့် ကြေညာချက်တွင် “သမ္မတဟောင်း Bazoum သည် နိုင်ငံတော်အပေါ် ကြီးမားစွာ သစ္စာဖောက်မှုကြောင့် နိုင်ငံတွင်းနှင့် ပြည်ပလုံခြုံရေးကို ထိခိုက်စေသည်” ဟု နိုင်ဂျာစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက စွဲချက်တင်ထားသည်။

အသက် ၆၃ နှစ်ရှိ Bazoum နှင့် ၎င်း၏မိသားစုသည် ဇူလိုင် ၂၆ ရက် အာဏာသိမ်းခံရပြီးကတည်းက နီမာမီရှိ သမ္မတ၏တရားဝင်နေအိမ်တွင် ထိန်းသိမ်းခံထားရပြီး ၎င်းတို့ ထိန်းသိမ်းခံထားရသည့် အခြေအနေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း(ECOWAS) သည် Bazoum ကို ပြန်လည်နေရာချထားပေးရန် တောင်းဆိုခဲ့ပြီး နိုင်ဂျာအပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ကာ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်မထူထောင်ပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here