ရန်ကုန်-ပြည်ကားလမ်းတွင် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲလမ်းဘေးထိုးကျ ၊ကားခေါင်းပိုင်းနှင့် ဘော်ဒီတစ်ခြားစီဖြစ်

0
439

ပဲခူးတိုင်းရှိ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၁၉/၄ တွင် သြဂုတ် ၁၄ ရက်(ယနေ့) မွန်းတည့် ၁၂ နာရီခွဲခန့်က Isuzu Canter ကား အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်းမှ သိရသည်။

“လမ်းဘေးကိုထိုးကျသွားတဲ့အရှိန်က အတော်ပြင်းတဲ့အနေအထားပဲ ကားနောက်ကအပေါ်ဘော်ဒီကပြုတ်ထွက်ပြီးကျန်ခဲ့တယ် ကားခေါင်းနဲ့နောက်ဖရိန်က တစ်နေရာဖြစ်သွားတယ် မိုင်တိုင်အမှတ်အသားအုတ်တိုင်လည်းကျိုးသွားတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် မေးစေ့ကွဲ၊ပေါင်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ကရုဏာရှင်အသင်း(ကြို့ပင်ကောက်)မှ ကြို့ပင်ကောက်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဓမ္မဝိဇယအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here