ယခုတစ်ပတ်အတွင်း ရုရှားနှင့်ဘီလာရုဇ်သို့ တရုတ်ကာကွယ်ရေးဝန်ကြီးသွားမည်ဟုဆို

0
303

ပေကျင်း၊ဩဂုတ် ၁၄

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး မစ္စတာလီရှန်ဖူသည် ဩဂုတ်လ ၁၄ ရက်မှ ၁၉ ရက်အတွင်း၌ ရုရှားနှင့်ဘီလာရုဇ်နိုင်ငံများသို့သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

လီသည် ရုရှားတွင်ရှိနေစဉ် နိုင်ငံတကာလုံခြုံရေး အစည်းအဝေးသို့တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင်ရုရှားနိုင်ငံတော်ကာကွယ်ရေးဌာနခေါင်းဆောင်များနှင့်လည်းတွေ့ဆုံမည်ဟုဆိုသည်။

ဘီလာရုဇ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲအပါအဝင် ဘီလာရုဇ်တပ်မတော်တို့နှင့်ပါတွေ့ဆုံမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာဌာနများသို့ပါ သွားရောက်မည်ဖြစ်သည်ဟုဖော်ပြထားသည်။

တရုတ်နှင့်ရုရှားတို့သည် ယခုနောက်ပိုင်းတွင် စစ်ရေးဆက်ဆံမှုအားကောင်းလာကာ ပူးတွဲကင်းလှည့်မှုများနှင့်စစ်ရေးလေ့ကျင့်မှုများပါပြုလုပ်လာလျက်ရှိသည်။

မစ္စတာလီသည် ဧပြီလကလည်း ရုရှားသမ္မတ‌နှင့်မော်စကို၌တွေ့ဆုံခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကတိပြုခဲ့ကာ ဇူလိုင်လကလည်း ပေကျင်းရှိရုရှားရေတပ်အကြီးအကဲနှင့်ပါတွေ့ဆုံခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here