အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၄၉ ဦးသေဆုံး

0
162

ဒေရာဒွန်၊ဩဂုတ် ၁၄

အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၄၉ ဦးထက်မနည်းသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုးရွားဆုံးထိခိုက်ခဲ့သည့် မြောက်ပိုင်းဟီမာချာပရာဒက်ရှ်ပြည်နယ်တွင်မူ သေဆုံးသူဦးရေသည် မူလက ၂၄ ဦး သာရှိရာမှ ၄၁ ဦးအထိများလာခဲ့ကာ အနီးနားရှိအူတရာခန်ပြည်နယ်၌လည်း သောကြာနေ့အထိ ၈ ဦးသေဆုံးခဲ့ပြီဟုတာဝန်ရှိသူများကဆိုသည်။

ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်တော်ကားများ၊အဆောက်အအုံများပြိုကျပျက်စီးကာ အူတရာခန်နှင့် ဟီမာချာပရာဒက်ရှ်ပြည်နယ်များရှိ တံတားများပါပျက်စီးခဲ့သည်ဟုလည်းဆိုသည်။

အဓိကကျသည့်လမ်းများ၊ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်မှုကြောင့် လူထောင်ပေါင်းများစွာလည်းသောင်တင်နေခဲ့သည်ဟုသိရှိရသည်။ရေဘေးကြောင့် စာသင်ကျောင်းများလည်းပိတ်ထားရသည်ဟုဆိုသည်။

မြေပြိုမှုကြောင့်အဆောက်အအုံများပြိုကျရာတွင် အပျက်အစီးအောက်၌ပိတ်မိနေသူများလည်းရှိပြီးအချို့ကိုမူအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်ဟုလည်းသိရသည်။

ပြီးခဲ့သည့်လကလည်း မုတ်သုံမိုးဆက်တိုက်ရွာသွန်းမှုကြောင့် လူ ၉၀ဦး ထက်မနည်းသေဆုံးခဲ့ပြီး မြို့တော်နူးဒေလီရှိ ယမုံနာမြစ်သည် ၁၉၇၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးမြစ်‌ရေချိန်အဆင့်သို့‌လည်းရောက်ရှိစံချိန်တင်ခဲ့သည်။

Source:Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here