ပြည်ထောင်စု ဝန်ကြီး (၃) ဦး တရုတ်နိုင်ငံသို့ ထွက်ခွာ

0
219

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အု န်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် သြဂုတ် (၁၄) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး (၃) ဦးသည် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့မှ ကြီးမှူး၍ ကူမင်းမြို့တွင် ဩ ဂုတ်လ (၁၆) ရက်မှ (၂၀) ရက်အထိကျင်းပမည့် (၇)ကြိမ်မြောက် တရုတ် – တောင်အာရှကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားနှင့် အခြားဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် ပြည်ထောင်စုဝန်ကြီး (၃) ဦးအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ Economic & Commercial Counsellor ဖြစ်သည့် Mr. Ouyang Daobing နှင့် တာဝန်ရှိသူတို့က လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Ko Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here