တစ်လလျှင် YBS ယာဉ် အစီးရေ (၄၀၀) နီးပါး စည်းကမ်းချိုးဖောက်မှုရှိနေဟု YRTC ပြော

0
255

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် လစဉ် စည်းကမ်းဖောက်ဖျက်သည့် ယာဉ် အစီးရေ (၄၀၀) နီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီပြော (YRTC ) ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။

အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်သည့် YBS ယာဉ်များကို Traffic Control Center ကနေတစ်ဆင့် စောင့်ကြည့်မှတ်တမ်းရယူလျှက်ရှိရာ မီးနီဖြတ်မောင်းခြင်း၊ လမ်းမအလယ်ခေါင်တွင်လည်း ခရီးသည် အတင်အချပြုလုပ်ခြင်းများ ပြုလုပ်နေသည့် ယာဉ်အစီးရေ (၄၀၀) ဝန်းကျင်ရှိ‌နေပြီး အဆိုပါ စည်းကမ်းဖောက်ပျက်သည့်ယာဉ်များကို မှတ်တမ်းယူထားကြောင်း သိရသည်။

“အခုလိုစည်းကမ်းမဲ့ မီးနီးဖြတ်မောင်းတာတွေ၊ လုယက်ကျော်တက် မောင်းနှင်တာတွေကို မပြုလုပ်ဖို့ (YRTC) အနေနဲ့ ခေါ်ယူအသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ ခေါက်ကြေး ပုတ်ပြတ်နဲ့ ပိုက်ဆံရှင်းပေးတာကြောင့် အခေါက်ရေများများရဖို့ မောင်းနှင်တဲ့အခါ စည်းကမ်းမဲ့ ကျော်တက်လုယက် မောင်းနှင်မှုတွေ ပိုများလာတာ”ဟု ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ကောက်ယူထားသည့်မှတ်တမ်းများအရ YBS ယာဉ်မောင်းတွေအနေဖြင့် မဆင်မခြင်မောင်းနှင်ခြင်း ကျော်တက်မောင်းနှင်ခြင်း၊ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ခြင်းစသည့်ဖြစ်စဉ်များ ပိုများနေကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း၌ နေ့စဉ် YBS ယာဉ်လိုင်း (၁၁၈)လိုင်း၊ ယာဉ်စီးရေ (၃၄၀၉) စီး၊ ခရီးသည် (၁၃၇၂၀၁၆) ဦးကို ဝန်ဆောင်‌မှုပေးနေ ကြောင်း YRTC ၏ စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here