မြ၀တီမြို့တွင် တရားထိုင်ပုတီးစိပ်နေသူတစ်ဦး လုယက် ရိုက်နှက်ခံရမှုကြောင့် သေဆုံး

0
321

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တရားထိုင်ပုတီးစိပ်နေသူတစ်ဦး လုယက် ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားကြောင်း အလင်းသစ်လူမှုကူညီရေး အသင်းထံမှ သိရသည်။

မြဝတီ မြို့၊ မိချောင်းကုန်းဘုန်းကြီးကျောင်းဝင်းရှိဘုရားအတွင်းအသက် ၄၀ ၀န်းကျင်အရွယ်ရှိ အမျိုးသား ၁ ဦးသည် ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီအချိန်ခန့်က ရိုက်နှက်လုယက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

” သူက မနက်ခင်းတိုင်းမှာ တရားထိုင်ပြီး ပုတီးစိပ်တဲ့သူလို့သိရတယ်၊ ဒီမနက်တရားထိုင်ပြီး ပုတီးစိပ်နေချိန်မှာ သူ့ရဲ့ဖုန်းနဲ့ ပိုက်‌ဆံအိတ်ကို ၀င်ရိုက်လုသွားတာ” ဟု  အလင်းသစ်လူမှုကူညီရေးအသင်း မြ၀တီမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့်တာဝန်ရှိ နယ်မြေခံ အမှတ် (၃)ရပ်ကွက် လူကြီးများနှင့် Myanmar Rescue (မြဝတီ) နှင့် အလင်းသစ်-Rescue Myawaddy အဖွဲ့မှ မြဝတီ ခရိုင်ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် မိသားစုနှင့်ဆက်သွယ်နေပြီး ပြစ်မှုကျူးလွန်သူအားစုံစမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အလင်းသစ်-Rescue Myawaddy


LEAVE A REPLY

Please enter your comment!
Please enter your name here