ဂျပန်နိုင်ငံမှ မြန်မာလုပ်သား (၉၀၀) ကျော်အား ထပ်မံခေါ်ယူမည်

0
246

ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၉၀၀) ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဩဂုတ်လ (၁၅) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းထားသည့် မြန်မာလုပ်သား (၉၁၈) ဦးအတွက် အလုပ်ခေါ်စာများကို ဩဂုတ်လ (၁) ရက်မှ ဩဂုတ်လ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၀) ခုဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများအား စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်တွေကိုလည်း နိုင် ငံခြားရေး ဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် ကိုဗစ်ကာလအလွန်တွင် မြန်မာနိုင်ငံမှ အလုပ်သမားများအား တိုးမြှင့်ခေါ်ယူလျှက်ရှိပြီး မြန် မာနိုင်ငံရှိ လူငယ်အများစုအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် မလေးရှားတို့တွင် သွားရောက်လုပ်ကိုင်သူများပြားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here