ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေများစွာရှိသော ပြည် နယ်တစ်ခုဖြစ်

0
154

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပြောကြားခဲ့သည်။

ယနေ့ သြဂုတ် (၁၅) ရက် နံနက်ပိုင်းက ပေါက်တောမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင် ရာများမှတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများ၊ လူမှုရေးအဖွဲ့အအစည်းများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိ ကထားဆောင်ရွက်သည့် ပြည်န ယ်တစ်ခုဖြစ်ကာ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ တွေ့ဆုံပွဲတွင် ထည့်သွ င်း ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သ ည့် အခြေအနေများစွာရှိသော ပြည်နယ်တစ်ခုဖြစ်ကာ ယ ခုအချိန်တွင် မြို့နယ်တစ်ခု၊ ကျေးရွာတစ်ရွာထုတ်ကုန်တ စ်ခု ထုတ်လုပ်နိုင်ရမည်ဟု ပြောသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရန် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေပေးထားပြီးဖြစ်၍ သက်ဆိုင်ရာဝန်ထမ်းများက ပြည်သူများ၏ လိုအပ်ချက်များ၊ လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးရမည်ဟုလည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များမှလည်း ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးမွေးမြူနိုင်ရေး၊အ ထွက်နှုန်းကောင်းမွန်ရေးတို့ကို ကြိုးစားဆောင် ရွက်ကြရမည်ဖြစ်ကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယင်း တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here