မန္တလေး-ပြင်ဦးလွင်သွားကားလမ်းတွင် Canter ကား လမ်းဘေးရှိကျွန်းပင်အားဝင်တိုက် ၉ ဦးဒဏ်ရာရ

0
165

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊မန္တလေး-ပြင်ဦးလွင်သွားကားလမ်းတွင် သြဂုတ် ၁၅ ရက်ညနေပိုင်းက Canter ကား လမ်းလေးရှိကျွန်းပင်အားဝင်တိုက်မိခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊မန္တလေး-ပြင်ဦးလွင်သွားကားလမ်းအတိုင်း မောင်းနှင်လာသော အမျိုးသား၊အမျိုးသမီး ၂၃ ဦးလိုက်ပါလာသည့် Canter ကားသည် မိုင်တိုင်အမှတ် ၂၅ အရောက် လမ်းဘေးရှိကျွန်းပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ပြင်စာစျေးနားက မန္တလေးအဆင်းဘက်ခြမ်းမှာဖြစ်သွားတာပါ အဆင်းလမ်းမှာလမ်းဘေးက ကျွန်းပင်ကို မတော်တဆဝင်တိုက်မိသွားတာ လူကြီး ၃ ယောက်နဲ့ကလေး ၆ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် ကလေး ၆ ဦးအပါအဝင် ၉ ဦး၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here