ထိုင်းဘတ်ဖြင့် နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဗဟိုဘဏ်ဆောင်ရွက်ခွင့်ပြု

0
263

ထိုင်းဘတ်ဖြင့် နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများကိုဆောင်ရွက်နိုင်ကြောင်း ဩဂုတ်လ ၁၄ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က အတည်ပြုထုတ်ပြန်ထားသည်။

နိုင်ငံတကာပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင်အမေရိကန်ငွေလဲနှုန်းအပါအဝင် အခြားငွေလဲနှုန်းများဖြင့်သည့် ထိုင်းတစ်ဘတ်လျှင် ၁၀၂.၅၆ ကျပ်၊ တရုတ်ယွမ်ငွေတစ်ယွမ်လျှင် ၅၀၂ ကျပ်၊ မလေးရှားတစ်ရင်းဂစ်လျှင် ၇၉၁ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄.၇၀ ကျပ်အထိ မြင့်တက်နေခြင်းဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် လက်ရှိငွေကြေးဈေးကွက်အတွင်း ဈေးကစားပြီး ဈေးကွက်ကမောက်ကမဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here