ယူကရိန်း၏ အင်အားကြီး တပ်မဟာ ၈၂ တန်ပြန်ထိုးစစ်တွင် ပါဝင်လာပြီ

0
304

ယူကရိန်းနိုင်ငံတွင် အရံတပ်အဖြစ်နှင့် ရှိနေခဲ့သော အင်အားအကောင်းဆုံးဖြစ်သည့် တပ်မဟာ ၈၂ သည်လည်း ယခုအခါ တန်ပြန်ထိုးစစ်တွင် ပါဝင်တိုက်ခိုက်နေပြီဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်ရေးယာဉ်များ နှင့် Challenger 2 တင့်ကားများဖြင့် ဖွဲ့စည်းထားကာ တပ်ဖွဲ့ဝင်စုစုပေါင်း ၂,၀၀၀ ပါဝင်သော တပ်မဟာ ၈၂ သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ယူကရိန်းတောင်ပိုင်း Zaporizhzhia Oblast ရှိ Robotyne ဝန်းကျင်တွင် စတင်လှုပ်ရှားခဲ့သည်။

တပ်မဟာ ၈၂ နှင့် ၎င်း၏ တွဲဖက် လေကြောင်း ချေမှုန်းရေးယူနစ် ဖြစ်သော တပ်မဟာ ၄၆ တို့သည် ယူကရိန်း အထွေထွေ အရန်တပ်များအဖြစ် နောက်ချန်နေခဲ့သည့် နောက်ဆုံး အဓိက ယူနစ်များထဲမှ အချို့ဖြစ်သည်။ နောက်ဆုံးတွင်မူ အဆိုအရန်တပ်များကို တိုက်ပွဲအတွင်းသို့ စေလွှတ်ခဲ့ပြီဖြစ်ပြီး၊ တန်ပြန်ထိုးစစ်၏ စွမ်းအားကို သိသိသာသာမြှင့်တင်နိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here