အင်းစိန်မြို့နယ်တွင် ကျောင်းကြို/ပို့ကားအပါအဝင် ကား ၃ စီးဆင့်တိုက်၍ ကျောင်းကြို/ပို့ကားမောင်းသူ ခေါင်းခန်းအတွင်းညပ်နေ

0
177

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်းတွင် သြဂုတ် ၁၆ ရက်(ယနေ့)ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က ကျောင်းကြို/ပို့ကားအပါအဝင် ကား ၃ စီးဆင့်တိုက်ခဲ့သဖြင့် ကျောင်းကြို/ပို့ကားမောင်းသူ ကားခေါင်းခန်းအတွင်း၌ညပ်နေကြောင်း သိရသည်။

အောက်မင်္ဂလာဒုံလမ်းပေါ်တွင် ကျောင်းကြို/ပို့ကား၊ကုန်တင်ကားနှင့်အိမ်စီးကားတို့တိုက်မိခဲ့ခြင်းဖြစ်၍ အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကားခေါင်းခန်းတွင်ညပ်နေသူအား ကယ်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here