တောင်ကိုရီးယားသမ္မတ၏ဖခင်သေဆုံးမှုအတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

0
226

ဖနွမ်းပင်၊ဩဂုတ် ၁၆

တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်၏ဖခင်ကွယ်လွန်မှုအတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်က ဝမ်းနည်းကြောင်းသဝ‌ဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

“၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် သမ္မတယွန်း၏ဖခင် မစ္စတာယွန်ကီချွန်ကွယ်လွန်သွားခြင်းကြောင့် မိမိတို့ဇနီးမောင်နှံအ‌နေနှင့် လွန်စွာစိတ်မကောင်းဖြစ်မိပါသည်” ဟု မစ္စတာဟွန်ဆန်က၎င်း၏စာ၌ရေးသားထားသည်။

ယခုကဲ့သို့ဝမ်းနည်းစရာကောင်းသည့်အခိုက်အတန့်တွင် မိသားစုဝင်များ၏ ကြီးမားသောဆုံးရှုံးမှုနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

မစ္စတာယွန်း၏ဖခင်အနေဖြင့် တောင်ကိုရီးယားတစ်နိုင်ငံလုံး၏ကောင်းကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသော သားဖြစ်သူအတွက်ဂုဏ်ယူဝမ်းမြောက်ပီတိနှင့်အတူ ၎င်း၏နောက်‌ဆုံးထွက်သက်အချိန်၌ ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန်သွားမည်ကိုယုံကြည်ပါကြောင်းလည်းပြောကြားခဲ့သည်။

နာမည်ကျော်စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားသမ္မတ၏ဖခင်လည်းဖြစ်သူ မစ္စတာယွန်ကီချွန်သည် အင်္ဂါနေ့၌ အသက် ၉၂ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here