ထိုင်းတွင် မြန်မာနိုင်ငံသား မောင်းနှင်လာသည့် ပစ်ကပ်ကားမှ သစ်တင်ကား၏ နောက်ပိုင်းကို ဝင်တိုက်မိပြီး (၁) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရ

0
226

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ကယ်စီယန့်ကျေးရွာရှိ မီးပွိုင့်အနီးတွင် မြန်မာနိုင်ငံသားတစ်ဦးမောင်းလာသည့်ပစ်ကပ်ကားမှ သစ်လုံးများတင်လာသည့်ကား၏ နောက်ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ သြဂုတ် (၁၆) ရက်နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့နံနက် (၆) နာရီခွဲက မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်ကာ မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ပစ်ကပ်ကားသည် ကန်ချနဘူရီခရိုင်၊ ကယ်စီယန့်ကျေးရွာ မီးပွိုင့်အနီးအရောက်တွင် ရှေ့မှမောင်းနှင်နေသော သစ်လုံးများ တင်ထားသည့်ကား၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်း၏လက်ထဲတွင် သတိလစ်နေသည့် အသက်(၆)နှစ်အရွယ် ကလေးငယ်၊ ကားမောင်းသူအပါအဝင် မြန်မာနိုင်ငံသား (၅) ဦးမှာ ကားအတွင်းညပ်မိနေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းညပ်နေသူများအား ကယ်ဆယ်မှုများပြုလုပ်ကာ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here