ဘရူနိုင်းကလပ်ကို အနိုင်ယူပြီး ရန်ကုန်ယူနိုက်တက်အသင်း AFC Cup ခြေစစ်ပွဲနောက်တဆင့်တက်ရောက်

0
232

ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရူနိုင်းကလပ် DPMM FC ကိုအနိုင်ယူပြီး AFC Cup ခြေစစ်ပွဲနောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ် DPMM FC တို့သည် AFC Cup 2023/24 အကြိုခြေစစ်ပွဲအဆင့်အဖြစ် ယနေ့ (ဩဂုတ်လ ၁၆ ရက်) ညနေ ၃ နာရီ ၃၀ မိနစ်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်တက် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုအဆင့်တက်ရောက်နိုင်ရေးအတွက် နောက်တစ်ဆင့်တွင် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် သြဂုတ်လ ၂၃ ရက်တွင် အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

PSM Makassar အသင်းသည် လက်ရှိအင်ဒိုနီးရှားလိဂ်တွင် အဆင့် ၁၂ နေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်မှာမှု AFC Cup 2023/24 တွင် အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here