ဆေးခန်းအချို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးအတုများထိုးနှံပေးနေ၍ ရှောင်ရှားကြရန် FDA သတိပေး

0
281

ဆေးခန်းအချို့နှင့် Online Clinic များတွင် အများပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအတုများထိုးနှံပေးနေသဖြင့် သတိပြုရှောင်ရှားကြရန် ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကသတိပေးခဲ့သည်။

ဆေးခန်းအချို့နှင့် Online Clinic များသည် လူမှုကွန်ယက်စာမျက်နှာများမှတဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID-19 Bivalent Original and Omicron BA4/ BA5 ကာကွယ်ဆေးနှင့် Lot No. AS7185B (Exp; Date 04July2023) ၊ Lot No. AS7144B, (Exp: Date 12May2023) ကာကွယ်ဆေးအတုများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးများဘေး အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့်အရည်အသွေး၊ အကျိုးအာနိသင်ထိရောက်မှုရှိစေရန် ဆေးဝါး မှတ်ပုံတင်ခြင်း၊ထုတ်လုပ်ခြင်း၊တင်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် Myanmar FDA Registration No. ပါရှိသည့် ဆေးဝါးများကိုသာသုံးစွဲကြရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် အများပြည်သူ ရောဂါဘယဖြစ်ပွားမှုကင်းဝေးစေရန်၊ဘေး အန္တရာယ်ကင်းရှင်းပြီး အရည်အသွေး၊အာနိသင်ထိရောက်မှုရှိသော ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိ၍ ပြည်နယ်/တိုင်းဒေသကြီးများအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ထိုးနှံပေးနေသော ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများကိုသွားရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here