တောင်ဥက္ကလာဘုရားမီးပွိုင့်တွင် ကားတစ်စီးမှ စက်ဘီးကိုဝင်တိုက်ပြီးမောင်းပြေး

0
165

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းမကြီးပေါ်ရှိ တောင်ဥက္ကလာဘုရားမီးပွိုင့်တွင် သြဂုတ် ၁၆ ရက်ည ၉ နာရီခွဲခန့်က ကားတစ်စီးမှ စက်ဘီးတစ်စီးအားတိုက်၍ မောင်းပြေးသွားခဲ့ကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ကားနဲ့တိုက်မိပြီး ကားကမောင်းပြေးသွားတယ်လို့သိရပါတယ် ကားအမျိုးအစားကိုတော့မသိပါဘူး စက်ဘီးနင်းလာတဲ့လူကတော့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် စက်ဘီးနင်းလာသူအမျိုးသားအား မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မေတ္တာသီတာရေစင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here