၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ များ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ပြီ

0
343

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်အား သြဂုတ် ၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ကြောင်း သိရသည်။

ထိုသို့ ထုတ်ယူရာ၌ အမှတ်စာရင်း၊အရည်အချင်းမှတ်တမ်းချုပ်၊ရမှတ်အဆင့်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရမည့် ပုံစံစာအိတ်အား မိမိတို့စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ(အခြေခံ ပညာအထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။

ထုတ်ယူပြီးနောက် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာအိတ်အား ဩဂုတ် ၂၅ ရက်မှစက်တင်ဘာ ၁၀ ရက်အထိ စနေနေ့၊တနင်္ဂနွေနှင့်ရုံးပိတ်ရက်များအပါအဝင်(ပိတ်ရက်မရှိ)လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်အား မြစ်ကြီးနားတက္ကသိုလ်၊မန္တလေးအဝေးသင်တက္က သိုလ်၊လွိုင်ကော်တက္ကသိုလ်၊မိတ္ထီလာတက္ကသိုလ်၊ဘားအံတက္ကသိုလ်၊ကျောက်ဆည်တက္ကသိုလ်၊ဟားခါးတက္ကသိုလ်၊မော်လမြိုင်တက္ကသိုလ်၊မုံရွာတက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊တောင်ကုတ်တ က္ကသိုလ်၊ရွှေဘိုတက္ကသိုလ်၊ရန်ကုန်အဝေးသင်တ က္ကသိုလ်၊စစ်ကိုင်းတက္ကသိုလ်၊ထားဝယ်တက္က သိုလ်၊တောင်ကြီးတက္ကသိုလ်၊တောင်ငူတက္က သိုလ်၊လားရှိုးတက္ကသိုလ်၊ပြည်တက္ကသိုလ်၊ကျိုင်းတုံတက္ကသိုလ်၊ပဲခူးတက္ကသိုလ်၊ပုသိမ်တက္ကသိုလ်၊မကွေးတက္ကသိုလ်၊ဟင်္သာတတက္ကသိုလ်၊ပခုက္ကူတက္ကသိုလ်နှင့်မအူပင်တက္ကသိုလ်တို့၌ လက်ခံပေးသွားမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားသူများသည် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကာ အသေးစိတ်သိ ရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်) ဖုန်း ၀၁၇-၅၃၇၆၇၇ ၊ ၀၁၇-၅၂၅၆၁၂ နှင့် ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here