တိုက်ပွဲအတွင်းသိမ်းဆည်းရရှိထားသော အနောက်အုပ်စုလက်နက်များ မော်စကိုထုတ်‌ပြ

0
184

ကူဘင်ကာ၊ဩဂုတ် ၁၇

ရုရှား – ယူကရိန်းအရေးတစ်နှစ်ခွဲကျော်ကာလအတွင်းစစ်ပွဲများ၌ သိမ်းဆည်းရရှိထားသော အနောက်အုပ်စု၏စစ်လက်နက်ပစ္စည်းများအား မော်စကိုဘက်မှထုတ်ဖော်ပြသခဲ့သည်။

အဆိုပါပစ္စည်းများအတွင်း အမေရိကန်ထုတ် Maxxpro သံချပ်ကာကားလည်းပါဝင်သည်။ရုရှားအရာရှိတစ်ဦး၏ပြောကြားချက်အရ အဆိုပါသံချပ်ကာယာဉ်သည် တိုက်ပွဲအတွင်းအသုံးပြု၍မရတော့သဖြင့် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနောက် လေကာမှန်၌ ကျည်ရာဗရပွဖြစ်နေသည့် ဗြိတိန်ရဟတ်ယာဉ်တစ်စင်းကိုလည်းပြသထားပြီး အနောက်တိုင်းစစ်လက်နက်ပစ္စည်းများကို ပြသထားကာ ရုရှားစစ်တပ်၏အောင်မြင်မှုများကို ချီးမြှောက်လျက် ဇွန်လတွင် ယူကရိန်းကစတင်ခဲ့သောတန်ပြန်ထိုးစစ်ကိုလှောင်ပြောင်ခဲ့သည်။

အဆိုပါပြပွဲတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့သော စစ်ရေးလှုပ်ရှားမှုမှစ၍ သိမ်းဆည်းရမိခဲ့သော ယူကရိန်းလုပ်လက်နက်များကိုလည်း ခင်းကျင်းပြသထားသည်။

ထို့ပြင် “အနောက်တိုင်းနည်းပညာရဲ့ အားနည်းချက်အပေါ်အကဲဖြတ်မှုတွေကိုမျှဝေဖို့ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ရုရှားသည် ၎င်း၏သံချပ်ကာယာဉ်များထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင်တိုးမြှင့်နိုင်ခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here