နူးယော့ခ်၌ အစိုးရသုံးစက်ပစ္စည်းများ လုံခြုံ‌ရေးအကြောင်းပြချက်ဖြင့် တစ်တော့ခ်အသုံးပြုမှုပိတ်ပင်

0
236

ဝါရှင်တန်၊ဩဂုတ် ၁၇

အမေရိကန်ရှိမြို့များ နှင့်ပြည်နယ်အတော်များများ၌ တစ်တော့ခ်အသုံးပြုမှုကိုပိတ်ပင်ထားရာ ယခုအခါ လုံခြုံရေးစိုးရိမ်ရမှုကြောင့် နူးယော့ခ်မြို့တွင်ပါ အစိုးရသုံးစက်ပစ္စည်းများ၌ တစ်တော့ခ်အသုံးပြုမှုအားပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance ကုမ္ပဏီပိုင် တစ်တော့ခ်အက်ပ်အား အမေရိကန်နိုင်ငံသား သန်း ၁၅၀ ကျော်အသုံးပြုလျက်ရှိသော်လည်း နောက်ပိုင်းတွင် တရုတ်အစိုးရ၏လွှမ်းမိုးမှုအားစိုးရိမ်ရသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အသုံးပြုမှုကို တားမြစ်ရန် အ ေမရိကန်အမတ်များကတောင်းဆိုထားသည်။

နူးယော့ခ်မြို့ရှိ အေဂျင်စီများအနေဖြင့် တစ်တော့ခ်အက်ပ်အား ရက် ၃၀ အတွင်းဖယ်ရှားရမည်ဖြစ်သည်။

တစ်တော့ခ်ကမူ ၎င်းတို့အနေဖြင့် အသုံးပြုသူအမေရိကန်နိုင်ငံသားများ၏အချက်အလက်များအား တရုတ်အစိုးရသို့မျှဝေခြင်းမလုပ်ကြောင်းနှင့် အသုံးပြုသူများ၏ဒေတာလုံခြုံရေးကိုအထူးသတိထားဆောင်ရွက်ကြောင်းသာပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here