Westlife အဖွဲ့ အမေရိက၌ ပထမဆုံးအကြိမ်အဖြစ်လှည့်လည်ဖျော်ဖြေမည်

0
98

လော့ဆန်းဂျလိစ်၊ဩဂုတ် ၁၆

ကမ္ဘာကျော်အိုင်ယာလန်အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Westlife သည် ၎င်းတို့၏ နှစ် ၂၀ ကျော်ဂီတသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်မြောက်အမေရိက၌ ဖျော်ဖြေရန်စီစဉ်ထားကြောင်းသိရသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင်စတင်နာမည်ကြီးခဲ့သော Westlife အဖွဲ့သည် သီချင်းခွေပေါင်း ၅၅ သန်းရောင်းချခဲ့ရပြီး နံပါတ်တစ်ဖြစ်ခဲ့သည့် အယ်လ်ဘမ် ၃၆ ခုရှိခဲ့ကာ ယူကျုတွင်လည်းကြည့်ရှုသူများပြားသဖြင့် အကြိမ်ရေဘီလျံနှင့်ချီထုတ်လွှင့်ခဲ့ရသည်။

၎င်းတို့သည့်လာမည့်နှစ်တွင် အမေရိကနှင့်ကနေဒါရှိမြို့ကြီးလေးမြို့သို့သွားရောက်ဖျော်ဖြေမည်ဖြစ်ကာ မတ်လ ၁၃ ရက်တွင် တိုရန်တို၊မတ် ၁၄ ရက်တွင် ဘော်စတွန်နှင့်မတ်လ ၁၆ ရက်နေ့တွင် နူးယော့ခ်ရှိ နာမည်ကျော် Radio City Music Hall နှင့် မတ် ၁၈ ရက်တွင် ရှီကာဂိုမြို့တို့တွင်ဖျော်ဖြေမည်ဖြစ်သည်။

၎င်းတို့ဖျော်ဖြေမည့်စာရင်းတွင် အဖွဲ့၏နာမည်ကြီးတေးသီချင်းများဖြစ်သည့် Swear It Again, Flying Without Wings, World Of Our Own, My Love, If I let you go, and Hello my love  အစရှိသည့်သီချင်းများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here