ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှ ပျောက်ဆုံးနေသူများထဲမှ ရှာတွေ့သည့် အလောင်း (၃၃) လောင်း အား ပိုင်ရှင်ထံပြန်အပ်နှံကာ သင်္ဂြိုလ်ပြီးစီး

0
119

ဖားကန့်မြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် ရေကန်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများထဲ့မှ (၃၃) ဉီး၏ ရုပ်အလောင်းများကို ပိုင်ရှင်များထပ် အပ်နှံကာ သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်း ပရဟိတအသင်းများထံမှ သိရသည်။

အဆိုပါ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေသူ (၃၆) ဦးထက်မနည်း ကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးနေသူများထဲမှ ယနေ့ နံနက်ပိုင်းအထိ အလောင်း (၃၃) လောင်း ရှာတွေ့ထားပြီး ပိုင်ရှင်များထံ ပြန်လည်အပ်နှံကာ ၎င်းတို့ သဂြိုလ်ချင်သည့် သုဿန်တွင် သွားရောက် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရသ ည်။

“၃၃ လောင်းလုံး ပိုင်ရှင်တွေတော့ သဂြိုလ်လိုက်ပြီ။ ပိုင်ရှင်ဆီ ပြန်ပို့ပြီးမှ သူတို့ သဂြိုလ်ချင်တဲ့ သုဿန်မှာ သွားသဂြိုလ်ကြတာ”ဟု ကူညီရှာဖွေခဲ့သည့် ဒေသတွင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျန်ရှိနေသေးသည့် အလောင်းများအား နယ်မြေခံ ပရဟိတအသင်းအဖွဲ့များက ဆက်လက်ရှာ‌ဖွေနေကြပြီး အဝေးမှ လာရောက် ကူညီရှာ‌ဖွေပေးနေသည့် အသင်းအချို့မှာ ရှာဖွေမှုလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

“ (၃၃) လောင်းပဲတွေ့သေးတယ်။ ကျွန်တော်တို့ ဆယ်တာတော့ နားလိုက်ပြီဗျ။ နယ်မြေခံအသင်းတွေပဲ ကျန်တော့တာ။ ကျွန်တော်တို့ အဝေးက လာကူတဲ့ အသင်းတွေကတော့ နားလိုက်ပြီ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် (၁၃) ရက် ညနေ (၃) နာရီခွဲ ဝန်းကျင်က ဖားကန့်မြိုနယ်၊ မနကျေးရွာအနီး ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ ရေကန်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်စိမ်း ရှာဖွေနေသူများ ထိခိုက်ဒဏ်ရာရရှိကာ (၃၀) ကျော်မှာ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here