ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများ မအောင်မြင်ခဲ့ကြောင်း အမေရိကန်လွှတ်တော် အမတ်ပြောကြား

0
219

အမေရိကန်၏ ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများ မအောင်မြင်ခဲ့ကြောင်း အောက်လွှတ်တော် အမတ် Marjorie Taylor Greene (R-GA) က ၎င်း၏ တွစ်တာစာမျက်နှာတွင်ဖော်ပြခဲ့ပြီး၊ ယူကရိန်းအစိုးရအား ငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန်လည်း အမေရိကန်အစိုးရအား တောင်းဆိုခဲ့သည်။

“အမေရိကန်က ယူကရိန်းအစိုးရကို ခုချိန်အထိဒေါ်လာ ၁၁၃ ဘီလီယံ ထောက်ပံ့ပြီးဖြစ်ကာ၊ လစဉ် ဒေါ်လာ ၁ ဘီလီယံ ပေးပို့နေဆဲပါ။ သမ္မတ ဘိုင်ဒင်က နောက်ထပ် ဒေါ်လာ ၂၀ ဘီလီယံ လိုချင်နေပါသေးတယ်။ရုရှားက ပိုချမ်းသာလာပြီး အမေရိကန်က ထရီလီယံနဲ့ချီ ပိုဆင်းရဲလာနေပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မအောင်မြင်ဘူး။ ယူကရိန်းအတွက် ပေးစရာလဲ ပိုက်ဆံမရှိတော့ဘူး” ဟု Marjorie Taylor Greene က တွစ်တာတွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်းတွင် အမေရိကန်၏ကြွယ်ဝမှုမှာ ဒေါ်လာ ၅ ဒသမ ၉ ထရီလီယံကျဆင်းသွားခဲ့ပြီး၊ ရုရှားသည် ဒေါ်လာ ၆၀၀ ဘီလီယံ တိုးတက်လာခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံ၏ UBS ဘဏ်က ၎င်း၏အစီရင်ခံစာတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here