ယူကရိန်းသည် Donetsk ဒေသရှိ ရွာကလေးတစ်ရွာအား ပြင်းထန်သော တန်ပြန်ထိုးစစ်ဖြင့် ရုရှားတပ်များထံမှ ပြန်လည်သိမ်းယူခဲ့ဟုဆို

0
172

ရုရှားကို တန်ပြန်ထိုးစစ်ဆင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရက်အတန်ကြာ စစ်ပွဲများဆင်နွှဲခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့များသည် Donetsk ဒေသအရှေ့ပိုင်းမှ Urozhaine ရွာကလေးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းဖက်မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ် အထွေထွေအမှုထမ်းများ၏ ပြောရေးဆိုခွင့်ရှိသူ Andrii Kovalov က “ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များသည် Urozhaine ရွာကလေးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်” ဟု အမျိုးသားရုပ်မြင်သံကြားတွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

Urozhaine ရွာကလေးသည် ရုရှားသိမ်းပိုက်ထားသော Donetsk မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ (ကီလိုမီတာ ၁၀၀) အကွာတွင် တည်ရှိသည်။

ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး Hanna Maliar က Kovalov သည် “Urozhaine ရွာကလေး လွတ်မြောက်ပြီ၊ တန်ပြန်ထိုးစစ်ဆက်လက်ရှိနေသည်” ဟု Telegram တွင်ဂုဏ်ယူစွာကြေငြာခဲ့သည်။

ယူကရိန်း တပ်ဖွဲ့များက ထိုသို့ သတင်းထုတ်ပြန်ပြီး မကြာမီတွင် ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သော ဆိုဗီယက်တပ်များကို ရည်စူးထားသည့် အောက်မေ့ဖွယ် အထိမ်းအမှတ်တစ်ခုအနီး ရွာအတွင်းတစ်နေရာတွင် ယူကရိန်းအလံကို လွှင့်ထူထားသည့် ဓာတ်ပုံ အင်တာနက်တွင်ပြန့်နှံ့ပေါ်ထွက်လာသည်။

အမှတ် ၃၅ နှင့် ၃၈ တပ်မများမှစစ်သည်များအပြင်အခြားယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ယူနစ်များက Urozhaine ရွာကိုပြန်လည်သိမ်းပိုက်ရန်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here