သီရိမင်္ဂလာဈေး ယာဥ်ရောင်းဝယ်ရေးစခန်းအား လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းသို့ ပြောင်းရွှေ့မည်

0
235

သီရိမင်္ဂလာစျေးဟောင်း ယာဥ်ရောင်းဝယ်ရေးစခန်းကို ယနေ့ဩဂုတ် (၁၇) ရက် နောက်ဆုံးထား၍ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်)မှ သိရသည်။

“သိရိမင်္ဂလာဈေး စခန်းမှာက ရောင်းမယ့်ကားတွေ ညအိပ်လို့ရတယ်။ လှိုင်မှာက မရဘူး။ မနက်ဝင် ညနေထွက်။ ဒါဆို ဝယ်ရောင်းသမားတွေအတွက် အဆင်မပြေနိုင်ဘူး” ဟု မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီရိမင်္ဂလာဈေး ယာဥ်ရောင်းဝယ်ရေးစခန်းတွင် နေ့စဉ် ကားအစီးရေ ခုနှစ်ရာခန့် အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

လှိုင်ယာဥ်ရောင်းဝယ်ရေးစခန်းသည် (၁၁) ဧကခန့် အကျယ်အဝန်းရှိပြီး မော်တော်ယာဥ် အစီးတစ်ထောင်ခန့် ညအိပ်ရပ်နားနိုင်ပြီး သီရိမင်္ဂလာ‌ဈေးဟောင်းမှ ပြောင်းရွှေ့မည့် ယာဉ်များကို ညအိပ်ရပ်နားနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ သီရိမင်္ဂလာ‌ဈေးဟောင်းကို လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပုံစံကို ဩဂုတ် (၂၁)ရက်မှ (၃၀) ရက်အထိ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တွင်ရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၁၂) ထပ်ရုံး၊ အင်ဂျင်နီယာဌာနတွင် ရောင်းချပေးသွားမည်ဖြစ်ကာ စက်တင်ဘာ (၁) ရက် နောက်ဆုံးထားကာ တင်ဒါလျှောက်လွှာ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here