ချုံချင့်မြူနီစီပယ်မြို့တွင် တရားမဝင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန်ဆွေးနွေး

0
160

တရုတ်နိုင်ငံ၊ချုံချင့်မြူနီစီပယ်မြို့တွင် တရားမဝင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ သံမှူးဒေါ်နီတာမြင့်နှင့်ချုံချင့်မြူနီစီပယ်မြို့၊လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Lai Hansong တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ သံမှူးဒေါ်နီတာမြင့်မှ ချုံချင့်မြူနီစီပယ်မြို့၊လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Lai Hansong အား သြဂုတ် ၁၅ ရက်နေ့လည် ၃ နာရီခွဲက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ချုံချင့်မြူနီစီပယ်မြို့တွင် တရားမဝင်နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့်ချုံချင့်မြို့လူဝင်မှုကြီးကြပ်ရေးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရေးကို သံမှူးဒေါ်နီတာမြင့်က မေးမြန်းဆွေးနွေးခဲ့သည်။

သံမှူးဒေါ်နီတာမြင့်၏ မေးမြန်းဆွေးနွေးမှုအား ချုံချင်းမြူနီစီပယ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Lai Hansong က တရုတ်နိုင် ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတည်ဆဲဥပဒေနှင့်လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ချုံချင့်မြူနီစီပယ်မြို့ရှိ မြန်မာနိုင်ငံသားများအရေး၌ ၎င်းတို့အနေဖြင့် ကူညီဆောင် ရွက်ပေးနိုင်သည့်နည်းလမ်းများအား ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here