တရုတ်နိုင်ငံသို့ သွားရောက်ရန် ပွဲစားများ၏ ခေါ်ဆိုမှုကြောင့် မြစ်ကြီးနားမြို့တွင် အခက်အခဲကြုံနေရသည့် ရခိုင်လူမျိုးများအား ထောက်ပံ့ငွေများပေးအပ်

0
153

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားများ၏ ခေါ်ဆောင်မှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် ရခိုင်လူမျိုး (၄၂) ဦးကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးသည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပွဲစားများ၏ ခေါ်ဆောင်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အထောက်အထား မပြည့်စုံသည့် အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခွင့်မရဘဲ မြစ်ကြီးနားမြို့တွင် အခက်အခဲများနှင့်ကြုံတွေ့နေခြင်းဖြစကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးအား သြဂုတ် (၁၆) ရက်နံနက် (၁၀) နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ထောက်ပံ့ငွေများပေးအပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့ကနေရပ်ပြန်မည့် ရခိုင်လူမျိုး (၄၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ငွေကျပ်(၈၄)သိန်း ကို‌ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့ပြင် တာဝန်ရှိသူများမှလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးသည် တရုတ်နိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိဘဲ မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းများတွင်ရောက်ရှိနေကာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ အခက်အခဲမျကြုံတွေ့နေရသည့် အတွက် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေကယ်ဆယ်ကာ နေရပ်ပြန်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here