ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်

0
627

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ရမှတ်သတ်မှတ်ချက်ပြည့်မီသူများအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္က သိုလ်တစ်ခုခုသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

အဆိုပါ တက္ကသိုလ်များသို့တက်ရောက်ရန် ပထမဦးစားပေးလျှောက်ထားလိုသူများသည် တက္က သိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာဦးစီးဌာန)မှထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

ထိုသို့ လျှောက်ထားရာ၌ ဆေးဝါးတက္ကသိုလ်များ၊ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊သူနာပြုတက္ကသိုလ်များနှင့်အခြေခံကျန်းမာရေးတက္ကသိုလ်တို့သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်အား ပညာရေးဝန်ကြီးဌာနအောက်ရှိလျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသောတက္ကသိုလ်(၂၆)ခုသို့ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများမှာမူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်အား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)၊ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ဆေးတက္ကသိုလ်၊မန္တလေး၊ဆေးတက္ကသိုလ်(မကွေး)၊ဆေးတက္က သိုလ်(တောင်ကြီး)၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)စသည့် သတ်မှတ်နေရာတစ်ခုခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတ က္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ခြင်းအား တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ဩ ဂုတ် ၂၅ ရက်မှစက်တင်ဘာ ၁၀ ရက်အထိ စနေ နေ့၊တနင်္ဂနွေနေ့နှင့်ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ)လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here