မန္တလေးဘက်မှ မောင်းနှင်လာသည့် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရ

0
267

ပဲခူးတိုင်းတွင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ရထားတစ်စင်း သြဂုတ် ၁၈ ရက်(ယနေ့)နံနက် ၉ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဟုတ်တယ် မနက်ကဖြစ်သွားတာ ပျက်စီးသွားတာတွေကတော့ အတော်များတယ် ရထားခေါင်းတွဲကမလဲဘူး တစ်ချို့တွဲတွေလဲကျနေတာလည်းတွေ့တယ် တချို့တွဲတွေဆို ဘီးတွေပြုတ်ထွက်ကုန်တာ သံလမ်းတွေလည်းပျက်စီးနေတယ် ကွန်တိန်နာပုံးတွေလည်းပြုတ်ကျနေတယ် ထိခိုက်ဒဏ်ရာရတဲ့လူရှိ/မရှိကိုတော့ ကျွန်တော်တို့က အနီးကပ်သွားကြည့်လို့မရတဲ့အတွက် မသိပါဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

မန္တလေးဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသည့် ကုန်တင်ရထားသည် ပဲခူးတိုင်းရှိ ရန်ကုန်-မန္တ လေးရထားလမ်းပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ကုန်ရထားတွဲများနှင့်သံလမ်းများပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here