စပိန်၌ တောမီးလောင်ကျွမ်းမှုအား‌ကောင်းသဖြင့် အရေးပေါ်ရွှေ့ပြောင်းမှုပြုလုပ်နေရ

0
96

တန်နရီဖေး၊ဩဂုတ် ၁၇

စပိန်နိုင်ငံ တန်နရီဖေးကျွန်း၌ အပူချိန်မြင့်တက်မှုကြောင့် တောမီးလောင်ကျွမ်းမှုအားကောင်းလာသဖြင့် ဒေသခံလူဦးရေ ၄,၅၀၀ ခန့်အား ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

“အခုလောင်တဲ့တောမီးဟာ ကနရီကျွန်းစုတွေမှာကျွန်တော်တို့နေထိုင်ခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်း အကြီးဆုံးနဲ့ငြှိမ်းရအခက်ဆုံးမီးပါပဲ” ဟု ဒေသခေါင်းဆောင်တစ်ဦးကပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းမှုအားထိန်းသိမ်းနိုင်ရန် မီးသတ်သမားများကအားကြိုးမန်တက်လုပ်ဆောင်နေကြသော်လည်း ယခုအချိန်ထိမီးကို မထိန်းနိုင်သေးကြောင်းသိရသည်။

“တောမီးကြောင့်အိမ်အပြင်တောင်ထွက်လို့မရပါဘူး၊အပြင်ထွက်လိုက်တာနဲ့ မီးခိုးတွေ၊ပြာတွေကြောင့် အသက်ရှူကြပ်လာပြီး လည်ချောင်းထဲတစ်ခုခုဝင်နေသလိုခံစားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ကစတင်လောင်ကျွမ်းခဲ့သောတောမီးကြောင့် ယခုအချိန်အထိ အနည်းဆုံး ၂,၆၀၀ ဟက်တာလောင်ကျွမ်းသွားပြီဖြစ်ကြောင်းလည်းသိရသည်။

ယခုနွေရာသီ၏ပူပြင်းသောအပူရှိန်နှင့် ခြောက်သွေ့သောရာသီဥတုက ဥရောပနှင့်ကနေဒါအနောက်ပိုင်းတို့တွင် ပုံမှန်မဟုတ်ဘဲပြင်းထန်သည့် တောမီးများကိုဖြစ်ပေါ်စေခဲ့သည်။ဟာဝိုင်ယီရှိ မာဝီတွင်လည်း လူ ၁၀၆ ဦးထက်မနည်း သေဆုံးခဲ့သည့် တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရ‌သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here