ယူကရိန်းစစ်ထဲဝင်ပါရန်သမ္မတပူတင်က တွန်းအား မပေးခဲ့ဟု ဘီလာရုဇ်သမ္မတလူကာရှန်ကိုပြောကြား

0
202

မော်စကို၊ဩဂုတ် ၁၈

ရုရှား – ယူကရိန်းအရေးထဲဝင်ပါရန် ရုရှားသမ္မတဗလာဒီမာပူတင်ကတွန်းအားမပေးခဲ့ဟု ဘီလာရုဇ်သမ္မတအလက်ဇန်းဒါးလူကာရှန်ကိုက အွန်လိုင်းအင်တာဗျူးတစ်ခု၌ပြောကြားခဲ့သည်။

“ဒီစစ်ပွဲမှာ ဘီလာရုဇ် ဝင်ပါလို့ ဘီလာရုဇ်အတွက်ဘာအကျိုးမှရှိမလာပါဘူး၊ယူကရိန်းတွေအနေနဲ့ ဘီလာရုဇ်မြေထဲဝင်မလာမချင်း ဒီစစ်မှာဝင်ပါမှာမဟုတ်ပေမဲ့ ရုရှားကတော့ဘီလာရုဇ်ရဲ့မဟာမိတ်ဖြစ်နေတာမို့ ရုရှားကိုတော့ အမြဲကူညီနေမှာပါ” ဟု လူကာရှန်ကိုကဆိုသည်။

ဘီလာရုဇ်သည် ယူကရိန်း၊ရုရှားနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့်ပိုလန်အပါအဝင် အဖွဲ့ဝင်သုံးနိုင်ငံနှင့်ပါနယ်နိမိတ်ထိစပ်နေသော်လည်း ဘီလာရုဇ်၏အဓိကမဟာမိတ်မှာရုရှားသာဖြစ်သည်။

ဆက်လက်၍ မစ္စတာလူကာရှန်ကိုက ၎င်းအနေဖြင့်သမ္မတပူတင်၏အထူးစစ်ရေးစစ်ဆင်မှုအောင်မြင်သည်ဟုယူဆကြောင်းနှင့် နှစ်ဖက်စလုံးအနေဖြင့် ခရိုင်းမီးယားအရေးနှင့်ရုရှားသိမ်းပိုက်ထားသောယူကရိန်းနယ်မြေများအရေးအတွက် ဆွေးနွေးမှုလုပ်ဆောင်သင့်သည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here