တရုတ်နှင့်ရုရှားရေတပ်များပူးတွဲစစ်ရေးလေ့ကျင့်

0
194

ဩဂုတ် ၁၈

ရုရှားနှင့်တရုတ်စစ်သင်္ဘောများသည် လေကြောင်းတိုက်ခိုက်မှုတန်ပြန်ရေးအပါအဝင် ကယ်ဆယ်ရေးလေ့ကျင့်မှုများပါဝင်သည့် ပူးတွဲရေကြောင်းကင်းလှည့်မှုများကို ပစိဖိတ်သမုဒ္ဒရာအတွင်းပြုလုပ်နေကြောင်း မော်စကိုကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ် ၁၈ ရက်ကပြောကြားခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောအချင်းချင်းအရံလောင်စာဆီဖြည့်တင်းခြင်းနှင့်‌ သင်္ဘောမောင်းနှင်နေရင်းကုန်စည်လွှဲပြောင်းခြင်းတို့အား လေ့ကျင့်ခြင်းလည်းပါ၀င်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး လေ့ကျင့်မှုစတင်ချိန်မှစ၍ရေမိုင်ပေါင်း ၆,၄၀၀ ကျော်အထိသင်္ဘောများအပြည့်ဖြစ်နေကြောင်းလည်းပြောကြားခဲ့သည်။

နှစ်နိုင်ငံရေတပ်သင်္ဘောများသည် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်နှင့် မြောက်ပိုင်းဒေသများတွင် ရေကြောင်းကင်းလှည့်မှုများလုပ်ဆောင်နေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ကပြောကြားခဲ့သည်။

“ဒီလေ့ကျင့်မှုတွေကပြင်ပအဖွဲ့အစည်းကို ရည်ရွယ်တာမဟုတ်သလို လက်ရှိ နိုင်ငံတကာနဲ့ဒေသတွင်း အခြေအနေတွေနဲ့လည်းမသက်ဆိုင်ပါဘူး” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းအရေးကြောင့် အနောက်နိုင်ငံအစိုးရများနှင့်ရုရှားတို့ကြား ဆက်ဆံရေးပျက်ပြားသွားချိန်တွင် မော်စကိုနှင့်ပေကျင်းဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်းကပိုမိုနီးကပ်လာခဲ့သည်။

၎င်းတို့သည် မကြာသေးမီလများကလည်း နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လတွင် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့၌ ပူးတွဲလေကြောင်းကင်းလှည့်မှုလည်းပြုလုပ်ခဲ့သေးသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here