ငါးသိုင်းချောင်းမြို့တွင်ကားအတွင်းမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ

0
267

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင်တည်းနေသည့် အမျိုးသား ၂ ဦးမောင်းလာသည့်ကားအတွင်းမှ လက်နက်ခဲယမ်းများအား လုံခြုံရေးအဖွဲ့ဝင်များမှ သြဂုတ် ၁၉ ရက်(ယ နေ့)နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များသည် ငါးသိုင်းချောင်းမြို့၊ရှေ့ဆောင်ရပ်ကွက်၊သီရိရတနာလမ်းရှိ တည်းခိုခန်းတစ်ခု၏ အခန်းအမှတ်(A-11)သို့ သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်နေ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်နှင့်ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ ငြိမ်းဇော်ထွေး(၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ၎င်းတို့မောင်းလာကာ တည်းခိုခန်းရှေ့၌ရပ်ထားသည့် Toyota Corolla ကားအတွင်းမှ မတပ်ဆင်ရသေးသည့် M-4 သေနတ် ၃ လက်၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅ ဒသမ ၅၆ ကျည်များနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here